အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ကျန်းမာရေး ပူးပေါင်း စစ်ဆေးရေးဂိတ်များ၌ ယနေ့ နံနက်(၁၁)နာရီက မော်တော်ယာဉ်များ နည်းလမ်း တကျ ဝင်/ထွက် သွားလာနိုင်ရေး စိစစ်ကြီးကြပ်ရေးကော်မတီဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 08,2020
ပြည်​ထောက်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှထုတ်​​ဝေ​သော ၂၀၂၀ ပြည့်နှစ် အ​ထွေ​ထွေရွေး​ကောက်ပွဲနှင့်ပတ်သက်သော အသိပညာ​ပေးလက်ကမ်းစာ​စောင်များ၊ပိုစတာများကို ကျိုက်မ​ရောမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် ​ရွေး​​ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယ​နေ့​​ ​ ​​နေ့လည် ၁ နာရီ က တရနာကျေးရွာ ​မြို့မ​စျေးနှင့် ဂျိုင်းမြစ်ကမ်းနားလှေဆိပ်တို့၌ သွားလာ​နေကြ သည့် ​ ခရီးသွားပြည်သူများနှင့် ​စျေးသည်များထံအသိပညာ​ပေး၍ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်း သိရသည်။
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့်
Oct 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊   သန်လျင်မြို့နယ်အတွင်း     ကိုဗစ်ကာလ စားဝတ်နေရေး    အခက်အခဲ ရှိသော သက်ကြီးအဖိုး အဖွားများနှင့်  အခြေခံပြည်သူများအား We Love Yangon ၏စီစဉ်ပေးမှုဖြင့် We Love Thanlyinအဖွဲ့နှင့် လူမှု့အသင်း အဖွဲ့များက အိမ်တိုင် ရာရောက် ထောက်ပံ့ ပေးခဲ့သည်။ ယင်းသို့ထောက်ပံ့ ပေးရာတွင် အိမ်ထောင်စု(၁၀၀)အတွက်တစ် အိမ်ထောင်လျှင်ဆန်(၆)ပြည်၊ နေကြာဆီ(၅၀)သား၊ ကြက်ဥ(၁၀)လုံး၊ငါးသေတ္တာဘူး(၄)ဘူး၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်စီ ထောက်ပံ့ပေးခဲ့သည်။
Oct 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် မြေစိုက်နံရံကပ်သီးသန့်ပြဘုတ်ဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။
Oct 08,2020
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
Oct 08,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီခွဲက ဆည်ရေလုပ်သား အဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းနှင့် အဖွဲ့က တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ရေလက်တံမြောင်း(၁၁)ရှိ  ပိတ်ဆို့နေသော ရေမှော်ပင်များအား စုပေါင်းဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်သော နှစ်ပေါင်း (၁၅၀) ကျော်ခန့်ရှိ ရွာသစ် ရှေးဟောင်း ညောင်ခမ်း ဘုန်းတော်ကြီးကျောင်း အ၀င် ပေ(၄၀၀) ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို (၂၇.၃.၂၀၂၀)ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။