အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ Contact Person များထားရှိဆောင်ရွက်လျက်ရှိသော အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် Contact Person များ ထပ်မံတိုးချဲ့ထားရှိနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ခြင်းများအား ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့ကြသည်။
Oct 08,2020
Covid-19 ရောဂါကာလအတွင်း အသုံးပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများနှင့် သန့်ရှင်းရေး လုပ်သားများအား စားရိက္ခာ(၅)မျိုးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက ဘားအံမြို့ ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
Oct 08,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ချောင်းဆုံ မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၈ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ကျွန်းသာယာခန်းမတွင် ကျင်းပသည်။
Oct 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင် ကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပြည်သူ များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန် လဟယ်မြို့ မြို့မရပ်ကွက်တွင် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
Oct 08,2020
၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များ
Oct 08,2020
မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များ ပူးပေါင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။