အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ထွက် (မိုးစပါး) ကောက်စောစပါးများ ရိတ်သိမ်းထွက်ရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် အသုံးပြုရန် ရွေးကောက်ပွဲ ကော်မရှင်သုံးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိသည်။
Oct 06,2020
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက် ကျွေးခြင်းကို
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ၁၆ ရပ်ကွက်၊ မြို့ဦး စေတီ၊ ဘူတာရုံဓမ္မရိပ်သာကျောင်းတိုက်၊ အမှတ်(၅၀)ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်လေ့ကျင့်ရေဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ အမှတ်(၄၂) ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက် တို့တွင် Community Based Facility Quarantine Centre သုံးခု ဖွင့်လှစ်ထားရှိသော်လည်း ကိုဗစ်-၁၉ လူနာများနှင့် ထိဆက်မှုရှိသည့် စောင့်ကြည့်လူနာများ များပြားလာပြီး စောင့်ကြည့်လူနာများ ထားရှိရန် နေရာ များ လိုအပ်မှုရှိလာသဖြင့် ရပ်ကွက်အလိုက် Quarantine Centre ထားရှိနိုင်သည့် နေရာများစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ဆေးဝါးနှင့် နှာခေါင်းစည်းMaskများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Oct 06,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာများအရောက် ထောက် ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။