အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီး ဌာန ဦးစီးအရာရှိမှ မိမိရုံးရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလအတွင်း ဆန် ၊ ဆီ ၊ ဆား ၊ကြက်သွန် ၊ ကြက်ဥ ၊ နှာခေါင်းစည်း(Mask )စသည့် ပစ္စည်းများကို ထောက်ပံ့ ပေးခဲ့သည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် အဖွဲ့စုံဖြင့် စစ်ဆေး ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က (၁၄)လမ်းဆုံအနီး ရွှေပြည်သာတံတားအဆင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း ပြီး စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
Oct 06,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ကျိုက္ကဆံ ဘတ်စကတ်ဘော အားကစားရုံနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ဗဟန်း)တို့တွင် ထားရှိခဲ့ပြီးဖြစ်သည်။
Oct 06,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များကို မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်နှစ်လပြည့်၊ လေးလ ပြည့်၊ ခြောက် လပြည့် ကလေးများကို ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ယမန်နေ့ နံနက် ပိုင်းက ထိုးနှံတိုက်ကျွေးပေးကြောင်းသိရသည်။
Oct 06,2020
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ‌ မဲပေးခွင့် မဆုံးရှုံးစေရန် ဒုတိယအကြိမ် (နောက်ဆုံး)မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ရက်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် ကပ်ထား ကြေညာထားမှု အခြေအနေများအား ယမန်နေ့ နံနက် ၈ နာရီက မဲဇလီကျေးရွာအုပ်စု၊ စပါးတန်းကျေးရွာ အုပ်စုနှင့် ကြပ်ဝကျေးရွာအုပ်စုများသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးကြည်နှင့် အဖွဲ့ဝင် ဦးမြင့်ရွှေတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြ သည်။
Oct 06,2020
ကမ္ဘာကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ တားဆီးရေးလုပ်ငန်းများကို နိုင်ငံ တစ်ဝှမ်း ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့၊ ဟိန်ကွက်ကျေးရွာအုပ်စု၊ ငကျန်ကျေးရွာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် တွင် လေရှီးမြို့နယ်နှင့် ဆွမ္မရာ မြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ကျေးရွာအုပ်စုအုပ်ချုပ်‌ရေး အဖွဲ့များဖြင့် ကာကွယ်တားဆီ‌ရေးအဖွဲ့ (၄)ဖွဲ့ဖွဲ့စည်းကာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေး စင်တာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့တို့ သွားရောက်လှူဒါန်းခဲ့သည်။
Oct 06,2020
မြန်မာနိုင်ငံအတွင်း လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ များပြားလာသောကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ် နိုင်ရန် အတွက် စက်တင်ဘာလ(၂၁)ရက်နေ့ကစတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ဦးအာသားဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီး တွင် ဆောင်ရွက်ထားရှိသည်။