အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဝက်ဝံယာယီပျံကျစျေး၊ မြို့မစျေးကြီးနှင့် စျေးလမ်းတစ်လျှောက် ကုန်စုံဆိုင်များနှင့် ဆိုက်ကားဂိတ်များတွင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။
Oct 06,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ အဝင် သံတံတားအနီး၌ တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit စနစ်ဖြင့် ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန ဝန်ထမ်းများက အခမဲ့စစ်ဆေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး အားလုံးပိုးမတွေ့ကြောင်း သိရသည်။
Oct 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် မြို့မဈေးကြီး အတွင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် WE LOVE SEIKKYI KHANAUNGTO ပရဟိတအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Oct 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အသက်တစ်နှစ်ခွဲမှ ဆယ့်ငါးနှစ်အောက်ကလေးငယ်များကို ဒုတိယအကြိမ် အမီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် ဖော့ကန် ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။
Oct 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉  အတည်ပြု ပိုးတွေ့လူနာများ မြင့်တက်လာခြင်း၊ သေဆုံးခြင်းများ ရှိနေခြင်းကြောင့်
Oct 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် စေတနာအရင်းခံ၍ စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။