အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန် ပြည့်စုံသော မဲဆန္ဒရှင်များရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊
Oct 06,2020
အိန္ဒိယမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိ ထပ်တိုးတင်သွင်းခွင့်ပြုကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
Oct 06,2020
၂၀၂ဝပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား Mask များ၊ Face shield များ၊ Hand Gel များ ပေးသွားရန်စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
Oct 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လုံယန်းကျေးရွာအုပ်စုမှ နောင်တောကျေးရွာ အုပ်စုသို့​ မြေသားလမ်း ဆက်လက်ဖောက်လုပ်မည့်လမ်းမြေနေရာများအား ကွင်းဆင်းကြည်ရှုခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဝန်ထမ်းများနှင့် ဒေသခံများက သွားရောက် ကွင်းဆင်း ကြည့်ရှုခဲ့သည်။
Oct 06,2020
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်တချို့မှ အခြေခံလူတန်းစား မိသားစုများ အခက်အခဲများ တစ်စိတ်တစ်ဒေသအဆင်ပြေစေရေး ယမန်နေ့မွန်းလွဲပိုင်းက အေးရိပ်ငြိမ် ရပ်ကွက်ပြည်သူများအား ဟင်းစားငါးနှင့် နှာခေါင်းစည်းများ လိုက်လံထောက်ပံ့လှူဒါန်းလျှက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အတွင်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဆိပ်ကြီး ခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
Oct 06,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ (၄)နာရီ ခွဲခန့်က ရွှေသီလာရတနာ အစည်းအဝေးခန်းမ၌ပေးအပ်ခဲ့သည်။
Oct 06,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင် Community Based Facility Quarantine Centre များကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် ယနေ့ နံနက်ပိုင်းက အလှူငွေနှင့် PPEဝတ်စုံ(၅၀)စုံ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။