အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် မဲဆန္ဒအမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ်ကပ်ထားကြေညာထားပြီးဖြစ်ရာ မဲစာရင်းတွင်မိမိအမည် ပါ မပါကိုလာ ရောက်ကြည့်ရှု လျက်ရှိကြကြောင်း သိရသည်။
Oct 06,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွက်ကွင်းမြို့ဝင်ဂိတ်တွင် ဖြူးမြို့နယ် အား ဖြတ်သန်းသွားမည့် ကားကြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၇၁)ဦးအား Testkit စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ(၆)ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးဝေဝင်းထံမှ သိရှိရသည်။
Oct 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Oct 06,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်များရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိကျေးရွာ/ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင် ရုံးများတွင် ကြေညာကပ်ထားပြီ ဖြစ်ကြောင်း သိရသည်။
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က၊ မြင်းမူမြို့နယ် (COVID.19 )ရောဂါထိန်းချုပ်ရေးနှင့်အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးပို့ခဲ့ကြောင်းသိရှိရသည်။
Oct 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 06,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်ဆေးကြီးကြပ်ရေး အဖွဲ့ဝင်များက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ် ကျေးရွာအုပ်စုအတွင်းတွင်ရှိသော ပွန်ချောင်းကိုဖြတ်၍ တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်း တံတားအမှတ်(၉/၄၅)ပွန်ချောင်းတံတားကြီး တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြီးဆုံးတံတားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။