အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း များဖြစ်သည့် ရန်နွေး အ.ထ.က(ခွဲ)၊ ပန်ဆပ် အ.ထ.က(ခွဲ)၊ ကော်လကန်အ.လ.က၊ မိုဒွန်ဖိုင် အ.လ.က၊ လေယုံ အ.လ.က နှင့် ဖွန်သရက် အ.လက အခြေခံပညာကျောင်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ပျူတာ၊ Printer၊ မီးစက်တစ်စုံစီနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅၀၀၀၀ ကို ယနေ့ နေ့လယ်က လေရှီးမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စစ်ကိုင်း တိုင်းဒေသကြီး Coronavirus Disease 2019 (COVID- 19) အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ PPE ဝတ်စုံ(၅၀)၊ N-95 Mask(၅၀)၊ မျက်မှန်(၅၀)စုံ၊ လက်အိတ်(၅၀)စုံနှင့် နှာခေါင်းစည်း mask အခုရေ( ၇၀၀၀ )တို့ကို ထောက်ပံ့ပေးခဲ့ရာ အဆိုပါစ္စည်းများအား တာဝန်ရှိသူများထံသို့ ပြန်လည်ခွဲဝေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ယနေ့နံနက်(၇)နာရီက မြို့မစျေးအတွင်းလိုက်လံအသိ ပညာပေးခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသော ကျီကုန်းကျေးရွာမှ ကိုဗစ်၁၉ ပထမဆုံး အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Oct 05,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မီးလင်းရေးကော်မတီမှ ဦးဆောင်၍ မြို့တွင်းရှိ လမ်းဘေးဓာတ်မီးတိုင်များတွင် ပြည်သူများ ညဘက်သွားလာရလွယ်ကူစေရန် မာကျူရီမီးလုံးများ တပ်ဆင်ခြင်းအား ယမန်နေ့ညနေ(၃)နာရီအချိန်က စုကလိမြို့အဝင်နှင့် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ မီးတိုင်များတွင် ကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်(၁) ဥက္ကဋ္ဌ ဦးစောကျေးထူးတို့မှ လိုက်လံတပ်ဆင်ပေးခဲ့သည်။
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ်မပြည့်သေးသူများအား တစ်ဦးလျင် ငွေ‌ကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာ အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပြီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Oct 05,2020
မိတ္ထီလာမြို့နယ်အတွင်းရှိ Quarantine များတွင် Quarantine ဝင်ရောက်နေသူများ၏ ဓါတ်ခွဲနမူနာ ၄၉ ခုကို ကိုဗစ်-၁၉ ရောဂါပိုးရရှိမရှိ စစ်ဆေးရန် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဆိုင်ရာဓါတ်ခွဲမှုဌာန သို့ စစ်ဆေးရန် ပေးပို့ထားကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။