အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်ကပ်ထား ကြေညာထားရာ သီပေါမြို့နယ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၇)စုတွင် မဲရုံပေါင်း(၁၁၁)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၆၄၃၆၅)ဦး၊ မ(၇၁၂၉၄)ဦး စုစုပေါင်း(၁၃၅၆၅၉)ဦးရှိကြောင်း သိရသည်။
Oct 06,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူ များအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး (တောင်ဈေး) ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
Oct 06,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်ခံရမှု မရှိသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် မြို့အဝင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
Oct 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်း တပ်ဆင်ပြီး သွားလာရန် ယမန်နေ့ ညနေပိုင်းတွင် မြို့ပေါ်ရှိ လူစည်ကားရာ ဗလမင်းထင်ကျောက်တိုင် လမ်းဆုံ၌ စစ်ဆေးဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများကို
Oct 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Oct 06,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေး ဝန်ထမ်း(၇၄)ဦးအတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာ/ဆရာမကြီးများအား အိမ်တိုင်ရာရောက် ပူဇော်ငွေများ ဂါဝရပြုကန်တော့ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန် ခန့်မှစ၍ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး အဖွဲ့များခွဲ၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။