အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေး ပြီးပြီလား" လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မဲမြို့ ဗဟိုဈေးကြီးရှိ ဈေးသည်များနှင့်ဈေးဝယ်သူ များအား သွား‌ရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပန်လုံမြို့ဦးစီးမှူးရုံးမှ မြို့ဦးစီးမှူးဦးလစံနှင့် ဝန်ထမ်းများသည် ပန်လုံမြို့ရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်  အ−ထ−က (၁)ကျောင်း  Community based Facility  Quarantine Centre ရှိ
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် ရှိအသက်၂နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်၉နာရီခန့်မှစတင်၍ ထိုးနှံ ပေးလျက်ရှိပါသည်။
Oct 05,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ် ရေး