Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါးခယ်မ၌ ပါတီအသီသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်၌ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်
Oct 07,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲများ ထားရှိမည့် ဆန္ဒမဲပုံးအား မြို့နယ်အတွင်းရှိ ပါတီအသီးသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ (၁၁၅) ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို…
Oct 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်း ချုပ်နိုင်စေရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေသူ(၁၁၅)ဦး ထံမှ နှာခေါင်းနှင့် အာခေါင် တို့ပတ် (Swab) များ ရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ Quarantine Centre အသီးသီး သို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန Swab Team မှ လာရောက်ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်
Oct 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များက ယနေ့ နံနက် (၁၀) နာရီ အချိန် မှစ၍ ပြည်သူများ မိမိနေအိမ်မှ ပြင်ပသို့ထွက်ခွာလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/ မရှိစစ်ဆေးခြင်းကို ကာလိ-မိုင်းစံ-မိုင်းရှူးသွားရာ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၊ စျေးလမ်းဆုံ၊ နယ်မြေရဲစခန်းလမ်းဆုံ၊ နယ်မြေမီးသတ်စခန်းလမ်းဆုံများတွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်တွင် အထူးကြပ် မတ်စစ်ဆေးဆောင်ရွက်
Oct 07,2020
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ မြို့ဝင်လူဝင်/ လူထွက်စောင့်ကြပ် ကြည့်ရှု စစ်ဆေးမေးမြန်းခြင်းတို့ကို မြို့ဝင်ဂိတ်တွင် နေ့ရောညပါ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်ရှိ အ.ထ.က(၁) Quarantine Center တွင် ထားရှိသော စောင့်ကြည့်လူနာများမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများ အိမ်ပြန်ခွင့်ရရှိ
Oct 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Quarantine Center တွင် ထားရှိသော စောင့်ကြည့်လူနာ များမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် Stay at Home ကာလအတွင်း မလိုအပ်ဘဲ နယ်မြေကျော်လွန် သွားလာခြင်းမရှိစေရန် တားမြစ်စစ်ဆေးဆောင်ရွက်
Oct 07,2020
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ (ကိုကိုးကျွန်း မြို့နယ် မပါ) တွင် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ ထိရောက်စွာ လိုက်နာစေ ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ပုဏ္ဏမီလမ်းနှင့် ပဲခူး မြစ်လမ်းပေါ်တွင် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ် များတွင် အသုံးပြုနိုင်စေရန် အလှူငွေများ လာရောက်လှူဒါန်း
Oct 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေးအသင်း အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များ ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူရှင်များက ငွေကျပ်(၈)သိန်းကို ယမန်နေ့ ည(၇)နာရီအချိန်က လှူဒါန်းခဲ့ ကြောင်း သိရဿည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေနှင့် အထောက် အကူပြုပစ္စည်းများလှူဒါန်း
Oct 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ ရေးအဖွဲ့သို့ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များ တွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28999
Page
29000
Page
29001
Page
29002
Current page
29003
Page
29004
Page
29005
Page
29006
Page
29007
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department