အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ယာယီ ပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) နှင့် ဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး အသိပညာပေးခြင်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် (၉) နာရီ က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Oct 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် အဖြစ် ယခုလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ကြေညာကပ်ထားပေးလျက် ရှိကြောင်း သိရသည်။
Oct 05,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယမန်နေ့က ပိုးပလေကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားကြောင်း သိရှိရသည်။
Oct 05,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသောကြောင့် ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်အား ခေတ္တယာယီပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိ သတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှတဆင့် အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ထုတ်လွှင့်ပေး လျက်ရှိသည်။
Oct 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အောက်တိုဘာ (၄)ရက် ယနေ့ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အဖြေတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
Oct 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးစိုက်နည်းစနစ်(၄) မျိုးစမ်းသပ် စိုက်ခင်းအား တောင်သူပညာပေး ကွင်းပြပွဲကို ယမန်နေ့ နံနက်က လောတုံကူးကျေးရွာ တောင်သူ ဦးရန်လောက်ဖာ၏ လယ်မြေတွင် ကျင်းပခဲ့သည်။
Oct 05,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီခွဲအချိန်က ထိုးနှံ၊တိုက်ကျွေးခဲ့ကြောင်း သိရသည်။