အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှာ ကိုဗစ် -၁၉ ပိုးတွေ့ ပထမလူနာနှင့် ဒုတိယလူနာ(၂) ဦးတို့ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်တယ်လို့ ရွှေဘိုမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် ထံမှသိရသည်။
Oct 05,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စေတနာရှင် အလှူရှင်မိသားစုက စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်၈နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၆၀)၊ ၈၂လမ်း၊ ၁၅လမ်း နှင့်၁၆လမ်း ကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ ပြည်သူများဆန္ဒမဲပေးရန်အတွက် ဆန္ဒမဲပုံး (၂၃၉၆)ပုံးရောက်ရှိပြီး ဖြစ်ရာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ဆက်လက်ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
Oct 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ပေးအပ်သည်။
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင်၂၀၁၉-၂၀၂၀    ဘဏ္ဏာရေးနှစ် အတွင်း (၁-၁၀-၂၀၁၉)မှ(၃၀-၄-၂၀၂၀)ရက်နေ့ထိ သဘာဝဘေးကျရောက်မှုကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ငွေကျပ်သိန်းပေါင်း (၇၂)သိန်းကျော် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီအချိန်က ဒီပဲယင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre များ တွင် ထားရှိခဲ့ရာ ယခုအခါတွင် ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ် ဦးချစ်မောင်လမ်းရှိ၊ ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ထားရှိခဲ့ပြီးဖြစ်သည်။
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အောက်တိုဘာလ(၅)ရက်နေ့ ကမ္ဘာ့ ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ယနေ့ ကမ္ဘာ့ဆရာများနေ့တွင် တာဝန်ရှိသူများက ဆရာကြီး၊ ဆရာမ ကြီးများ၏ အိမ်တိုင်ရာရောက်သွားရောက်၍  လိုက်လံပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။