Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဘိုကလေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အလှူငွေပေးအပ်လှူဒါန်း
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှူငွေ(၁)သိန်း ကျပ် ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ယာစိုက်ခင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များဝယ်ယူဖြန့်ဖြူးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်း
Oct 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် Home Garden အိမ်ယာစိုက်ခင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ယနေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ EXIM Bank ချေးငွေရယူထားသော အခြေခံသမဝါယမအသင်းများအား (၁၃)ကြိမ်မြောက် စုဆောင်းငွေပေါ် အတိုးပေးအပ်
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ EXIM Bank ချေးငွေရယူ ထားသောအခြေခံသမဝါယမအသင်းများအား (၁၃)ကြိမ်မြောက် စုဆောင်းငွေပေါ် အတိုးပေးအပ်ခြင်း ကိုယမန်နေ့ နံနက်ပိုင်းမှစ၍ အသင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ Facility Quarantine ခံယူနေသူ ၇ ဦး ထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့အား နမူနာရယူစစ်ဆေး
Oct 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)ကျောင်းတို့ တွင် Facility Quarantine ခံယူနေသူ ၇ ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ဒေါ်အိသက်မွန်က ယနေ့ နံနက် ၉နာရီ အချိန်ခန့်ကရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ စိတ်ဓာတ်မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးကြေညာ
Oct 06,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးကြေညာခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက မြဝတီမြို့ရှိ ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် ၈၀နှင့် ၈၅နှစ် အတွင်းရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Oct 06,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်၈၀ နှင့် ၈၅ နှစ်ကြား အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက အမှတ်(၁၂၅၊ ၁၅၆) ရပ်ကွက်ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း (ဒုတိယအကြိမ်) ထုတ်ပြန်ကြေညာ
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (ဒုတိယအကြိမ်) မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 06,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများနောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြောင်း ပြည်သူများသိရှိစေရန် လော်စပီကာဖြင့်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်စျေးများ၊ မြို့တွင်း လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29013
Page
29014
Page
29015
Page
29016
Current page
29017
Page
29018
Page
29019
Page
29020
Page
29021
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department