Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှည်းကူးမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အစပ်နေရာဖြစ်သော ရန်ကုန်-ပဲခူးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၃၂)ရှိ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာ ဝမ်းဘောဒတ်တံတားအနီးတွင် ရန်ကုန်တိုင်းဒေသကြီးဘက်မှ ပဲခူးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Test Kit ဖြင့် ပူးပေါင်းစစ်ဆေး လျက်ရှိရာ အောက်တိုဘာ(၅)ရက် နံနက်(၆)နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအချိန်ထိ ကုန်တင်ယာဉ်(၃၅)စီး စစ်ဆေးခဲ့ပြီးချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူ(၄)ဦးနှင့် ထိစပ်သူ(၂)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုများကွင်းဆင်း စစ်ဆေး
Oct 06,2020
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၇ နာရီချိန်တွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကို လူစုလူဝေးနှင့် ကျင်းပခြင်းမပြုဘဲ ရိုးရာမပျက်သာ ဆောင်ရွက်သွားမည်
Oct 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ အထင်ကရ ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည့် ရှေးနှစ်ပေါင်း ၁၅၀ကျော်က အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းပွဲတော်ကြီးကို ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုနှစ်တွင် လူစုလူဝေးနှင့် ကျင်းပမည်မဟုတ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တမိလိန္ဒ အရှင်သူမြတ်နှင့် မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လေအေးပေးစက်များ ပေးအပ်လှူဒါန်း
Oct 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ လေအေးပေးစက်များ လှူဒါန်းပွဲကို ယမန်နေ့နံနက်တွင် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြေငြာထားရှိမှုများအား ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ နှင့် တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေး
Oct 06,2020
အပြည့်အစုံ ဖတ်ရန်
Physical Fitness Dance အကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများ အစမ်းလေ့ကျင့်မှုများ ပြုလုပ်
Oct 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် Physical Fitness Dance ခေါင်းစဉ်ဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook page မှ Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများအား အစမ်းလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံနှင့် Maskများလှူဒါန်း
Oct 06,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယနေ့နံနက်က PPEဝတ်စုံ၊ Maskနှင့် လက်သန့်ဆေးများအား လာရောက်လှူဒါန်းခဲ့ကြပါသည်။ လှိုင်မြို့နယ်၊ အမှတ်၁၆ရပ်ကွက်၊
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့၌မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ်ထုတ်ပြန်ကြေညာ
Oct 06,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယ အကြိမ်အဖြစ် ချင်းရွှေဟော်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29016
Page
29017
Page
29018
Page
29019
Current page
29020
Page
29021
Page
29022
Page
29023
Page
29024
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department