Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လမ်းမတော်မြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန်အသိပညာပေးဆောင်ရွက်
Oct 02,2020
လမ်းမတော်မြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများနေအိမ်ပြင်ပသို့ အကြောင်း မဲ့ သွား လာ ခြင်းမပြုရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်း ချုပ် ရေး-နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ တာဝန်ရှိသူများကပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ကပ်ထားကြေညာ
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) ကပ်ထားကြေညာခြင်းကို သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကပ်ထား ကြေညာ ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် စည်ပင်လမ်းတံတားဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် အလုပ်သမားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Oct 02,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ်စည်ပင်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့် အလုပ်သမားများ စားသောက်ရေး အဆင်ပြေစေရန် အခြေခံ စားသောက်ကုန်များကို ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ(၈)ရပ်ကွက်ရှိ အလုပ် သမားများနေထိုင်သည့် နေရာတွင် ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက်အထူးရဲသင်တန်းဖွင့်လှစ်
Oct 02,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ၌ လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ အထက(၂၇)ကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်း အသက် ၈၀မှ၈၅နှစ် အတွင်းရှိ သက်ကြီးဘိုးဘွားများတွက် ထောက်ပံ့ငွေများပေးအပ်
Oct 02,2020
စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှု၀န်ထမ်းဦးစီးဌာနက ရေဦးမြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်မှ ၈၅ နှစ် ရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုသက်ဆိုင်ရာ တာဝန်ရှိ သူများက ရပ်ကျေးအုပ်ချုပ်ရေးမှုးများထံ ယနေ့ နံနက် ၁၀ နာရီကလွှဲပြောင်းပေး အပ်ခဲ့ကြ ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်ရန် သင်ကြား လေ့ကျင့်ပေး
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လုပ်ငန်းအဆင်ပြေချောမွေ့ စေရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်း သင်ကြား လေ့ကျင့်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRCမှ ကျောက်မဲမြို့နယ်ရှိ ပရဟိတအသင်းများအတွက် အရေးပေါ် လူနာတင်ယာဉ် သုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း
Oct 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်အတွင်းရှိ ပရဟိတ အသင်း ၅ သင်းအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီICRC မှ ထောက်ပံ့ ပေးပို့လာသောအရေးပေါ် လူနာတင် ပစ္စည်းများကို ကျောက်မဲ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပရိဟိတ အသင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကြက်ခြေနီ အသင်း ခွဲရုံးတွင် ပြန်လည်ထုတ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းရှိကျေးရွာ ၁၇ ရွာတွင်( VRFP) စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်
Oct 02,2020
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာတွင် Village Revolving Fund Project(VRFP) စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29217
Page
29218
Page
29219
Page
29220
Current page
29221
Page
29222
Page
29223
Page
29224
Page
29225
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department