Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘုတ်ပြင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန်ကြေညာ
Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်း
Oct 02,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်ပညာရေး ဝန်ထမ်းမိသားစုမှ ငွေကျပ်(၂၈)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ငွေကျပ်(၅)သိန်း၊ မြန်မာ့သြဘာလုပ်ငန်းစု ကုမ္မဏီမှ ငွေကျပ်(၃)သိန်း၊ မြို့နယ် ဆောက်လုပ်ရေး ဦးစီးအရာရှိ ဦးကိုကိုခိုင်နှင့် ဝန်ထမ်းများမှ ငွေကျပ်(၅)သိန်း၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှ ငွေကျပ်(၂)သိန်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမျိုးလွင်နှင့်ဝန်ထမ်းများက ငွေကျပ်(၁)သိန်း လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဂါလံ(၅၀၀၀)ဆံ့ သောက်သုံးရေကန်တည်ဆောက်
Oct 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဟွေပါလှိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အတိုး ရေငွေဖြင့် ဂါလံ(၅၀၀၀) ဆံ့ သောက်သုံးရေကန်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ
Oct 02,2020
လမ်းမတော်မြို့နယ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့်မဲဆန္ဒရှင်စာရင်းများကို အောက် တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံး အ ကြိမ် (၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အထူးရဲတပ်ဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်…
Oct 02,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲများအား သင်တန်းပေး
Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒ ရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်း ဆောင် မည့် အထူးရဲ( ၁၁၄ )ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ အောက်တိုဘာလ ၁ ရက်မှ စတင်၍ သင်တန်းပို့ချပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆောင်မြို့နယ်ခွဲ၊ လောက်လိုင်ကျေးရွာတွင် သဘာဝဂရိဖုသီးများ အောင်မြင်ဖြစ်ထွန်း
Oct 02,2020
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့နယ်ခွဲအတွင်းရှိ နောင်ယန်းအုပ်စု၊ လောက်လိုင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည့် သဘာဝထွက် ဂရိဖုသီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် ရေစီးနဲ့အတူမျောပါသွားသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Oct 02,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် စက်တင်ဘာ (၃၀)ရက်ညပိုင်းက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ချောင်းမကြီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ ဥတ္တရသီရိရပ်ကွက်၊ ဇော်ဂျီတွင်း တဲစုအတွင်း ချောင်းရေဝင်ရောက်၍ လူနေအိမ်(၄)လုံး ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အဆိုပါ အိမ်ထောင် စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဥတ္တရသီရိရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း(ဇော်ဂျီတွင်း)တွင် ပြုလုပ်ခဲ့သည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29221
Page
29222
Page
29223
Page
29224
Current page
29225
Page
29226
Page
29227
Page
29228
Page
29229
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department