အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် COVID -19 ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။
Oct 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကြေညာ ကပ်ထားခဲ့ကြောင်း သိရှိရသည်။
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့၊ သနန်‌ကျေးရွာ၌ အသက်(၁)နှစ်အောက် ကလေး ငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်း က Covid-19 ကူးစက်ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Oct 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိမည့်သူများစာရင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
Oct 02,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီတွင် ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၈၁၂ ဦးအား ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 02,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို    ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁)ရက်နေ့မှ စတင်ပြီး (၁၄ )ရပ်နေ့အထိ ကပ်ထားကြေညာပေးထားပြီးဖြစ်သည်။