အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ကြေညာထားရှိ ကြောင်း သိရသည်။
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရှိစေရန် Cash for Work စီမံကိန်းဖြင့် မြို့သစ်မြို့အတွင်းရှိကျေးရွာ (၃)ရွာတွင် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။
Oct 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မရဲစခန်း၌ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့နံနက်(၈)နာရီက မဟာသုမင်္ဂလ သီဟကြေးသွန်းဘုရားကြီးတွင် အထူးရဲသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး အောင်ဇော်ခန့်က အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီး၊ ဌာနဆိုင်ရာများနှင့် အထူးရဲတပ်ဖွဲ့ဝင်(၄၄)ဦး တက်ရောက်ခဲ့သည်။
Oct 02,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 02,2020
ပဲခူးတိုင်း​ဒေသကြီး၊ ဒိုက်​ဦးမြို့နယ်​အတွင်း ရပ်​ကွက်​ကျေးရွာ (၅၃)အုပ်​စုမှ အသက်​(၈၀)နှစ်​နှင့်​ (၈၅)နှစ်​ပြည့်​ပြီးသည့်​ ဘိုးဘွားများအား​ ထောက်​ပံ့​ငွေ​ပေးအပ်​သည်​။
Oct 02,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက် ပွဲတွင် မဲဆန္ဒရှင်မိဘပြည်သူများမှ မဲဆန္ဒရှင်စာရင်းတွင် မိမိတို့၏အမည်စာရင်းပါ/မပါကိုကြိုတင် သိရှိနိုင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထား​ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/​​​ကျေးရွာ ​ရွေး​ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား​ကြေညာ ​ပေးထား​ကြောင်း သိရသည်။