အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက ပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် တာတမံပြုပြင်ခြင်း လုပ်ငန်းများတွင် စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စည်ပင်ဧရိယာ(၁၄)ဧကအတွက် တောင်သူများသို့ မြေယာနစ်နာကြေးငွေ (၅၁၆၅၀၀၀၀)ကျပ်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 02,2020
စဉ့်ကူးမြို့နယ်၌ အထူးရဲသင်တန်းဖွဲ့ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်( ၂ ) ရပ်ကွက်၊ စဉ့်ကူး-အထက( ရွှေရတု )ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းနိုင်ထွန်း က သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့သည်။
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရှိရသည်။
Oct 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းများကို ယနေ့နံနက်ပိုင်းက သံတောင်ကြီး မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
Oct 02,2020
ပဲခူးတိုင်း၊ ဒိုက်​ဦးမြို့နယ်​အတွင်းရှိ​ နိုဝင်​ဘာလ ၈ ရက်​နေ့တွင်​ ကျင်းပမည့်​ ရွေး​ကောက်​ပွဲအတွက်​ ရပ်ကွက်​ကျေးရွာ(၅၃)အုပ်​စုတွင်​ မဲရုံ​ပေါင်း(၁၇၂)ရုံ ထားရှိမည်​ဖြစ်​ရာ မဲရုံများအတွက်​ အထူးရဲများကို ယမန်နေ့​မှစတင်​၍ ​အောက်​တိုဘာလ ၂၈ ရက်​နေ့အထိ သင်​တန်းပို့ချသွားမည်​ဖြစ်​သည်​။
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လုပ်ငန်းအဆင်ပြေချောမွေ့စေရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်း သင်ကြားလေ့ကျင့်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။