Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အ.ထ.က(၃)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းသို့ အလှူငွေကျပ် လေးသိန်း ငါးသောင်းလှူဒါန်း
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၇)ရပ်ကွက် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ် သည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အလှူငွေ လေးသိန်း ငါးသောင်းကျပ်ကို ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့ဝင်များနှင့် စစ်ရှောင်စခန်းမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ရုံးချုပ်)မှ ထောက်ပံ့ပစ္စည…
Oct 01,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့ဝင်များနှင့် စစ်ရှောင်စခန်းမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ရုံးချုပ်)မှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများ၊ ဆန်နှင့်ရိက္ခာများ ထောက်ပံ့ခြင်းကို ယနေ့နံနက် ၈ နာရီတွင် အုတ်ကျင်းရပ်ကွက်ရှိ စစ်ရှောင်စခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် အထူးရဲ သင်တန်းဖွင့်လှစ်
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ တပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အမှာစကား ပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက သင်တန်းဖွင့် မိန့်ခွန်းအား ဖတ်ကြားပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အထူးရဲများအတွက် Mask များကို ပေးအပ်လှူဒါန်းရာ သင်တန်းမှူးမှ လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း
Oct 01,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာလ (၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို မြို့မပရဟိတလူငယ်အဖွဲ့နှင့် အလှူရှင်များသွား ရောက်လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံ ရေး အထူးရဲတပ်ဖွဲ့သင်တန်းဖွင့်လှစ်
Oct 01,2020
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်မဲရုံလုံခြုံရေးတာဝန်များ ချထားနိုင်ရန်အတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှအထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ ခန့် က မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲရုံလုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအထူးရဲများ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က အထက-လောင်းလုံး၊ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်လှစ်
Oct 01,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲသင်တန်းကို မိုးမောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် ထောက်ပံ့ငွေများပေးအပ်
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉-ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်ဆီးမှုအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29291
Page
29292
Page
29293
Page
29294
Current page
29295
Page
29296
Page
29297
Page
29298
Page
29299
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department