အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မြို့ဝင်စစ်ဆေး ရေးဂိတ်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 01,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား (ဆင့်ပွား) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်မှစ၍ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 01,2020
၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင် ရေးအတွက် လင်းခေး မြို့နယ်ရဲတပ်ဖွဲ့က ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်း ဖွင့်ပွဲအခမ်း အနား ကို ယနေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ပုန်းထွန် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 01,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန်ပေးအပ်နိုင်ရေးအတွက်၊မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌အထူးရဲသင်တန်းဖွင့်ပွဲကို၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ယနေ့ နံနက်၈နာရီခန့်က အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၂၀) ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ Sunday Coffee နှင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။
Oct 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အသုံးပြုလျှက်ရှိသော သောက်သုံးရေများတွင် Bateria များပါဝင်မှု ကိုသိရှိနိုင်ရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန် ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။