အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာနေ အလှူရှင် ဦးကျော်ဝင်း - ဒေါ်စိုးစိုးဝင်း (မိဘဂုဏ်ရည်ဆန်စက်) မိသားစုက နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလ ပွင့်ဖြူမြို့နယ် အင်းဒေါင်း ကျေးရွာ ၊ မုန်းမြင့်ကျေးရွာရှိ ဝင်ငွေနည်း လယ်ယာလုပ်သား ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေ စေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၈ ရက် ၊ ညနေ ၄ နာရီက အဆိုပါ ကျေးရွာများသို့ သွားရောက်ပြီး ဆန်များပေးဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
Sep 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၉) စုအတွက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စား၀တ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့က စေတနာရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 29,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးရေး စီမံကိန်း၏ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Sep 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်တွင် အသက် ၈၀ နှစ်တင်းတင်း ပြည့်ပြီးသည့် ဘိုးဘွားများနှင့် အသက် ၈၅နှစ် တင်းတင်း မပြည့်သေးသည့် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၃နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 29,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ဦးဆောင်၍ မြို့အဝင်၊ အထွက်ဂိတ်များထားရှိ စစ်ဆေးပြီး ယခုတွင် နယ်ဝေးမှ ဝင်ရောက်လာသည့်သူများအား အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
Sep 29,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် စက်တင်ဘာလ(၂၆)ရက်နေ့ ည(၁၀)အချိန်ခန့်က မီးဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးတိုးချဲ့ဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည် ။