Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်တောင်ပိုင်းခရိုင်ကိုကိုးကျွန်းမြို့တွင် Stay at Home အစီအစဉ်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ကထုတ်ပြန်ချက်များအားလိုက်နာဆောင်ရွက်
Sep 29,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ ကိုကိုးကျွန်းမြို့န ယ်မှ အပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှပြည်သူအားလုံးမိမိအိမ်တွင်သာ နေထိုင်ကြရန် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ် မိုးယွန်းကြီးအင်းအတွင်း ငါးမျိုးမပြုန်းတီးရေးနှင့် ငါးမျိုးဆက် သယံဇာတ ပြန့်ပွားရေးအတွက် ငါးမျိုးစိုက်ထည့်
Sep 29,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် နေ့စဉ်နှင့်အမျှ ပြည်သူများ စားသုံးနေသည့် ငါးများ မပြုန်းတီးရေးနှင့် ငါးမျိုးဆက် သယံဇာတ ပြန့်ပွားရေးအတွက် မိုးယွန်းကြီးအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့ဝင် တံတားထိပ်တွင် ပူးပေါင်းစစ်ဆေး ဆောင်ရွက်
Sep 29,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ခရီးသွား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်း၊ ခရီးသွားနေရပ် စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်း၍စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် အ.ထ.က(၈)ကျောင်း Quarantine Centre သို့ ဆန်(၁၀)အိတ်နှင့် ထမင်းဘူး(၈၇)ဘူးလှူဒါန်း
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း))မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ၊အ.ထ.က(၈)ကျောင်းတွင် ဖွင့်လှစ် ထားသည့် Quarantine Centre ရှိ Positiveလူနာနှင့် ထိတွေ့မှုရှိသူ primary contact မိသားစုများ အတွက် ဆန်(၁၀)အိတ်နှင့် ထမင်းဘူး(၈၇)ဘူး တို့အား ယနေ့န့နက်ပိုင်းက လာရောက် လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသက်လေပြင်းကျပြီး ထူးကဲဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသည့် နေအိမ်များ အား ထောက်ပံ့ရေးပစ္စည်းများပေးအပ်
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ မိုးသက်လေပြင်းကျပြီး ထူးကဲဒီရေမြင့်တက်၍ ရေလှိုင်း ရိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျ၊ လုံးဝပျက်စီးခဲ့သည့် အုန်းတောကမ်းကျေးရွာတွင် လူနေအိမ်(၆)လုံးအား မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Quarantine Centre များသို့ စားသောက်ဖွယ်ရာများ လှူဒါန်း
Sep 29,2020
ပန်းဘဲတန်းမြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းတို့၌ ဖွင့်လှစ်ထားသော Quarantine Centre များသို့ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပရဟိတအဖွဲ့မှ စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ ကြိမ်မဲတောင်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံမှ မြေသားပြိုကျမှုဖြစ်
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင် ကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်နံရံမှမြေသား ပြိုကျမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများလှူဒါန်း
Sep 29,2020
ကမ္ဘောဇဘဏ်မှ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ရောဂါခံစား နေရသော Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၁၅၀)၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၅၀)၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်း (၇)မျိုးတို့အားပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီရုံးခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29319
Page
29320
Page
29321
Page
29322
Current page
29323
Page
29324
Page
29325
Page
29326
Page
29327
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department