Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကသာခရိုင် အင်းတော်မြို့နယ်တွင် မိုးစပါးစိုက်ခင်းများအတွင်း ပိုးပွားများကျ ရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်မြေ အတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ကွက်နှင့် စိုက်ခင်း များအတွင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မြေဩဇာ များ အချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေးနှင့် သဘာဝမြေဩဇာများ ပြုလုပ် သုံးစွဲ တတ်စေ ရေးတို့အတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ က ဒေသခံ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား မျိုးကွဲပယ်ပေါင်းနုတ်ခြင်း လုပ်ငန်းများဆောင်ရွက…
Sep 30,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ တောင်သူများ စီးပွားရေးထိခိုက်မှုမရှိစေရေးနှင့် သီးနှံထွက်နှုန်း တိုးတက်အောင်မြင်စေရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း(၃၃)ရွာရှိ ဒေသခံတောင်သူများ၏ စပါးလယ်မြေများတွင် (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးအောင်သန်းထိုက်နှင့်တာဝန်ရှိသူများက မင်းရဲ နည်းပညာပေးရှေ့တန်စခန်းရှိ မျိုးစပါးမျိုးစေ့ထုတ် စပါးခင်းမျးအား မျိုးကွဲပယ်၊ ပေါင်းနုတ်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ စစ်ဆေးရေးဂိတ်(၃)ဂိတ်ဖွင့်လှစ်၍ ကိုဗစ် -၁၉ ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တောကျောင်းကြီးကျေးရွာ ရှိဆင်ဖြူရှင် တံတားထိပ် မကွေးတိုင်းဒေသ ကြီးမှ ဝင်ရောက်လာသောကားများအား စစ်ဆေးနေသော ပူးပေါင်း စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးနေသကဲ့သို့ မုံရွာ ဘက်မှ လာသော ကုန်တင်ကားများ စစ်ဆေးနိုင်စေရန် ခင်မွန်ရွာ ထိပ်မုံရွာ-မန္တလေးကားလမ်းမပေါ်၌ စစ်ဆေး ရေးဂိတ် တစ်ခု ဖွင့်လှစ်စစ် ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်
Sep 30,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဖတ်ဟာ(ရွာမ) ကျေးရွာ၊ ဖာလင်ကျေးရွာနှင့် ပန်မော့ကျေးရွာတို့တွင် Cash For Work စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြစ်သော ငွေပေးအလုပ်ပေးစနစ် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်း(၃၆)ခ…
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြစ်သော ငွေပေး အလုပ် ပေးစနစ် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်း (၃၆)ခု ရာနှုန်းပြည့်ပြီးစီး ဖြစ်ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီ၌ ဈေးရောင်းဈေးဝယ်သူများ လိုက်နာရမည့် ညွှန်ကြားချက်များ ကြေညာ
Sep 30,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ တပေါင်းဈေးကွင်းအတွင်း ယာယီဖွင့်လှစ်ထားသော ပျံကျဈေးအတွင်း၌ ဈေးရောင်းသူဈေးဝယ်သူများ လိုက်နာရမည့် ညွှန်ကြားချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် တစ်ရက်လျှင်(၂)ကြိမ် နေ့စဉ် အသိပေးကြေညာခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း…
Sep 30,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ဒေသခံ ပြည်သူ များ သွားလာရေး အဆင်ပြေစေရန် ကျေးရွာတွင်းမြေသားလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင်(Stay at Home)ညွှန်ကြားချက်အတိုင်းပြည်သူများ လိုက်နာဆောင်ရွက်မှုအခြေအနေ
Sep 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Stay at Home) ညွှန်ကြားချက်အရမြို့နယ်အတွင်း အကြောင်းမဲ့ပြင်ပသွားလာမှုမရှိစေရေး၊ အရေးပေါ်အခြေအနေ ကိစ္စရပ်မရှိပဲ မြို့နယ်ကျော်သွားလာခြင်းများမရှိစေရေး အတွက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေး အသင်းအဖွဲ့ဝင်များကပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29345
Page
29346
Page
29347
Page
29348
Current page
29349
Page
29350
Page
29351
Page
29352
Page
29353
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department