အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နေပြည်တော်မှ ပြန်လာသူ(၁)ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) ထားရှိကြောင်း သိရသည်။
Sep 30,2020
မြဝတီမြို့ဈေးများ၌ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ် ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 30,2020
မိဘမေတ္တာသစ်စက်မှ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၃၅၀) စုအတွက် ဆန်များထောက်ပံ့လှူဒါန်းခြင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိန်ကုန်း ရပ်ကွက် တွင် ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
Sep 30,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသူ (၃၅)ဦး၏ ဓာတ်ခွဲနမူနာများကိုရယူ၍ အမျိုးသားဓာတ်ခွဲဌာနသို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင် ခဲ့ကြောင်း သိရသည်။
Sep 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (DU-12) မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက မျိုးကွဲနုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2020
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ တွင် သောက်သုံးရေ ဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် တာဝန်ရှိသူများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် လုပ်ကွက်ငယ် တောင်သူ များ၊ အသေးစား စီးပွားရေးလုပ်ကိုင်သူများအား အရင်းအနှီးရရှိစေရန်အတွက် မြို့နယ် အတွင်းရှိ ကျေးရွာ(၆) ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP) လုပ်ငန်းများ အတွက် စီမံကိန်းရန်ပုံငွေများ ကို သြဂုတ်လ ဒုတိယပတ်မှစတင်၍ထုတ်ချေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရ သည်။