Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုများအား လျ…
Sep 29,2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုများအားသီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့နယ်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ On Line မှတစ်ဆင့် အသိပညာ ပေး လုပ်ငန်းများဆောင်ရွက်
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကိုဗစ်- ၁၉ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေး အတွက် ရည်ရွယ်ကာ On Line မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာ၌ နှာခေါင်းစည်းနှင့်မျက်နှာအကာ စနစ်တကျ တပ်ဆင်ရန် သက်ဆိုင်ရာမှ ညွှန်ကြား
Sep 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးပိုင် စျေးများတွင် ယနေ့မှစ၍ စျေးရောင်းချသူများအား နှာခေါင်းစည်းသာမက maskနှင့် face shield ကို စနစ်တကျ တပ်ဆင်ပြီး စျေးရောင်းချရန် သက်ဆိုင်ရာမှ ညွှန်ကြားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တို မြို့နယ်၊ မြို့မစျေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မစျေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စုများ အတွက် ဆန်၊ဆီ၊ကြက်သွန်၊ဆားနှင့် Sunday Coffee များလှူဒါန်း
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ မြို့နယ် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၉) ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက် ၊အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်များရှိ Lockdown ချထားသော
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ လူနေအိမ်များတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် မြစ်ရေကြီးခြင်း အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်
Sep 29,2020
ကချင်ပြည်နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ရွှေကူမြို့ပေါ်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့ရာ အိမ်ထောင်စုများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၍ ယာယီပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့တွင် (Stay at Home)ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စမှလွဲ၍ သွားလာ ခြင်းမပြုရန် အသိပညာပေးဆောင်ရွက်
Sep 29,2020
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၅) ရက် နေ့ ထုတ်ပြန်ချက်အရ (Stay at Home )ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေ ကိစ္စများမှလွဲ၍ မလိုအပ်ဘဲ ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် အသိပေးကြေညာချက်ကို ပြည်သူ များသိရှိစေရန် စက်တင်ဘာလ ၆ ရက်နေ့က ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပေးကြေညာခဲ့ပြီးနောက် အိမ်ထောင်စုတစ်စုလျှင် ရပ်ကွက်/ကျေးရွာအတွင်း သွားလာခွင့် ကတ်ပြားတစ်ခုထုတ်ပေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်- ချောင်းသာ ဓာတ်လိုင်းသွယ်တန်းရာတွင် သီးနှံပင်များဆုံးရှုံးမှု အတွက် တောင်သူများအား သီးနှံလျော်ကြေးငွေများပေးအပ်
Sep 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၄ နာရီမီး ရရှိနိုင်ရေးအတွက် ငွေဆောင်မြို့ ဓာတ်အားခွဲရုံမှချောင်းသာခွဲရုံသို့ ၆၆ ကေဗွီဓာတ်အားလိုင်း သွယ် တန်းရာလမ်းတစ်လျှောက်တွင် ပါဝင်သော သီးနှံပင်များဆုံးရှုံးမှုအတွက် တောင်သူများ အား သီးနှံလျော်ကြေးငွေများ ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29359
Page
29360
Page
29361
Page
29362
Current page
29363
Page
29364
Page
29365
Page
29366
Page
29367
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department