အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Sep 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း ၅၀၁ ရုံဖြင့်ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီး ဌာန ၏ ယနေ့နံနက် ( ၆ ) နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၆၈၇ ) စင်တီမီတာသို့ ရောက်ရှိနေပြီး ထီးချိုင့်မြို့၏စိုးရိမ်ရေမှတ် (၇၄၀) စင်တီမီတာသို့ရောက်ရှိ လာနိုင်ပါသဖြင့် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးဂရုပြုနေ ထိုင်ရန်နှင့် ကျွဲ၊ နွားများအား ကြိုတင်ပြောင်းရွှေ့ထားရန် အသိပေးနှိုးဆော်ခြင်းအား ယနေ့နံနက် ( ၉ ) နာရီအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာကြရာ တွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေး အသိ ပညာပေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းကစတင်၍ ဗန်းမောက်မြို့နယ် မြို့တော်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့သည်။
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့
Sep 29,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၇၆) ဦး ခန့်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Sep 29,2020
မိုးကောင်းမြို့ ချောင်းရေမြင့်တက်လာမှုကြောင့်နေအိမ်ရေနစ်မြုပ်၍ သွားလာရခက်ခဲသော အိမ်ထောင်စုဝင်အချို့အား ရပ်ကွက်ရှိရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ခေတ္တ ပြောင်းရွှေ့ ထားကြောင်းသိရသည်။
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့၌ အစားအသောက်နှင့် ဆေးဝါး ကွတ်ကဲ ရေး ဦးစီးဌာန(FDA) မှ ဦးဆောင်၍ စားသုံးရန်မသင့်သော Ajinomoto ဟင်းခတ်မှုန့် အတုများ ရောင်းချမှု ရှိ/မရှိကို ယနေ့ နံနက် (၉) နာရီ အချိန်မှ စတင်ကာ ကသာမြို့ သီရိခေမာဈေး၊ မြို့မဈေး နှင့် A1 Mini Mark များတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။