Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကွတ်ခိုင်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေး
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ကမ္ဘာ့ ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် ပြည်သူများ မိမိနေအိမ်တွင် နေထိုင်ရန် (Stay At Home) ကာလအတွင်း အကြောင်းမဲ့ သွားလာခြင်း မပြုရန် စစ်ဆေးဆောင်ရွက်
Sep 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမှ ပိုမို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများ မိမိ နေအိမ်တွင် နေထိုင်ရန် (Stay At Home) အစီအစဉ် ကြော်ငြာချက်ပါ စည်းကမ်းများနှင့်အညီ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့က မှော်ဘီမြို့နယ် ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဥ်အရ Cash For Work စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း ကိုးရွာနှင့်ကျေးရွာမတည်ရန်ပုံငွေ (VRFP)ဖြင့် ကျေးရွာ သုံးရွာတွင် ထုတ်ချေးဆောင်ရွက်ပြီး အဆိုပါစီမံကိန်း လုပ်ငန်းများကို ဇူလိုင်လ တတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်က ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေ ကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် အသိပညာပေး
Sep 28,2020
ကျောက်တံတားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့ဈေး ရပ်ကွက်အတွင်းရှိ အသက်(၈၀)ကျော် သက်ကြီးဘိုးဘွားများနှင့် အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက် အတွင်းရှိ အသက်(၈၀) ကျော် အသက်ကြီး ဘိုးဘွား(၈) ဦးအား လူမှုရေး ပင်စင် ခံစားခွင့် ထောက်ပံ့ ငွေများနှင့် အခြေခံ လူတန်းစား (၄၀)ဦးအား တတိယ အကြိမ် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်ကပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေးစစ်ဆေး
Sep 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အင်တောမြို့မဈေးတွင် ဈေးသည်၊ ဈေးဝယ်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလ Stay at Home လိုက်နာကြရေး ပညာပေးခြင်းဆောင်ရွက်
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်းရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့သွားရောက်ကြခြင်း မပြုလုပ်ကြရန်Stay at Homeနေထိုင်ရေးအ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29390
Page
29391
Page
29392
Page
29393
Current page
29394
Page
29395
Page
29396
Page
29397
Page
29398
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department