အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ရွှေပြည်သာမြို့နယ်တွင် Stay  at  Home   ကာလအတွင်း  နေအိမ်ပြင်ပသွားလာသူများအား   ကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ သွားလာစေရေး အသိပညာပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းမှ  စတင်ကာ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊  မြို့နယ် မီးသတ်ဦးစီးဌာနနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Sep 28,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ(SRT)သို့ ယနေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်(၁)ဦးမှ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 28,2020
ပေါက်ခေါင်းမြို့နယ်  ရပ်ကွက်ကျေးရွာအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များသို့ တတိယအကြိမ် ကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀  နာရီက 
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု  ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့မဈေးနှင့်ယာယီပျံကျဈေးတို့အတွင်း ဝင်ထွက်သွားလာကြသည့် ဈေးရောင်း ဈေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်   လမ်းညွှန် ချက်များအား လိုက်နာဆောင်ရွက်စေရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင် နှင့်ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်(Hand Speaker)ဖြင့် လှည့်လည်ကြေညာခြင်းကို ယမန်နေ့က အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး အသိပေးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရွာမ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ယမန်နေ့နံနက် ၃ နာရီအချိန်က စောင့်ကြည့်လူနာတစ်ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ် swab နာမူနာကို ရယူ၍ ပန်ဆောင်မှ နန်းယွန်း မြို့ပြည်သူ့ဆေးရုံသို့ပေးပို့ပြီး နန်းယွန်းမှ မန္တလေးပြည်သူ့ဆေးရုံသို့ ဆက် လက် ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။