အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံသို့ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ်များအား နေ့စဉ်၊ ညစဉ် စစ်ဆေးဆောင်ရွက်ရန် မြို့သို့ဝင်ရောက်လာသည့် နေရာများ၌ စစ်ဆေးရေးဂိတ်များထားရှိကာ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု ၊ ကယန်း ကုန်းတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုင်းအေးလှိုင်နှင့် အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်ဟွန်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူပညာပေး ကွင်းလက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများအဖွဲ့သည် ဆောင်ကြဲကျေးရွာအုပ်စု ၊ ဆောင်ကြဲကျေးရွာနှင့် ပန်မိတ်ကျေးရွာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ အုပ်ချုပ်ရေးမှူး ရုံးများ တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ် (၁၇) ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင် ထပ်မံဖွင့်လှစ်မည့် Quarantine Centre အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
Sep 28,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အတွင်းရှိ ဖွင့်လှစ် ရောင်းချလျက် ရှိသော စားသောက်ဆိုင်များအား စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်၍ Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချနိုင်ရေး အတွက် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်က ကွင်းဆင်း စစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။