Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်း…
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်၌ ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Network Activities Group (NAG) မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများ ပြုလုပ်
Sep 28,2020
ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Network Activities Group (NAG) မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပခဲ့ရာ Network Activities Group (NAG) မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးပြုံးချိုက အဖွင့်အမှာ စကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ငွေကျပ်(၆၇)သိန်းကျော် ထပ်မံလှူဒါန်း
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ဆန်၊ ဆီနှင့် ကုလားပဲ လှူဒါန်းမှုကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ထွေ/အုပ်ရုံး၊ အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် Quarantine Center ၌ အသုံးပြုရန် Sweety Home မိသားစုမှ မွေ့ယာ၊ ခေါင်းအုံးနှင့် ခေါင်းစွပ်အစုံ(၅၀)လာရောက်လှူဒါန်း
Sep 28,2020
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော Quarantine Center တွင် စောင့်ကြည့်ရမည့် လူနာများအတွက် ထားရှိ အသုံးပြုနိုင်ရန် Sweety Home မိသားစုမှ မွေ့ယာ၊ ခေါင်းအုံးနှင့် ခေါင်းစွပ်အစုံ(၅၀)အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူက လက်ခံရယူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များ ကာကွယ်ဆေးအခမဲ့ထိုးနှံပေး
Sep 28,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များတွင် သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အတွင်းရှိဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့၌ Mask Campaign ပြုလုပ်၍ ပြည်သူများထံ Mask(၁၅၀၀)ခု အခမဲ့ဝေငှ
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက Mask Campaign ပြုလုပ် သည့်အနေဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းသို့ ဝင်/ထွက်သွားလာသောဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်များအား Mask (၁၅၀၀)ခု အခမဲ့ ဝေငှပေးသည်။
အပြည့်အစုံ ဖတ်ရန်
လမင်းတစ်ရာ ဘက်စုံပရဟိတ ဆရာတော်နှင့်အဖွဲ့မှ ပုသိမ်မြို့ ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီး ကျေးရွာရှိ လက်လုပ်လက်စားများကို စားနပ်ရိက္ခာထောက်ပံ့ကူညီ
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီးကျေးရွာသို့ စက်တင်ဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့၊ လမင်းတရာ ဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှု ကူညီရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ကျေးရွာရှိ လက်လုပ်လက်စားပြည်သူများအား စားသောက်ကုန်များကို သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29405
Page
29406
Page
29407
Page
29408
Current page
29409
Page
29410
Page
29411
Page
29412
Page
29413
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department