အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ တွင် ကျင်းပသည်။
Sep 11,2020
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် နေပြည်တော်ကောင်စီဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးညီထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင် ဘာ(၁၀)ရက် ညနေ(၅)နာရီက လယ်ဝေးမြို့ သာဝတ္ထိ(အင်းသာ) ပူးပေါင်းစစ်ဆေးရေးဂိတ် တွင်နေပြည်တော်သို့ ဖြတ်သန်းသွားလာဝင်ရောက်သည့် ယာဉ်များအားစိစစ်ဆောင်ရွက်ထား ရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မသန်စွမ်းဦးရေ (၅၈၀၀) ကျော်အား တစ်ဦးလျင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ယနေ့နံနက် (၁၀) နာရီမှ စတင်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
Sep 11,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဆင်းရဲသောမိသားစုများ ဝင်ငွေတိုး ပွားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
Sep 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့နယ် Mask ဖမ်းဆီးကြီးကြပ်ရေး အဖွဲ့တာဝန်ခံ မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးနိုင်ဝင်းသိန်းနှင့် အဖွဲ့ဝင်များသည် အိမ်မှအပြင် ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ကြရေးအတွက် စိစစ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ အလှူရှင် ပေါင်းတည်မြို့ မှတ်တိုင်လမ်းနေ မောင်စိုးမြင့်အောင်က မွေးနေ့ အလှူအဖြစ်
Sep 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့မိမြို့ဖများသည် ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။