Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်
Sep 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရန်နှင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သတင်းပြန်ကြားရေးကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို နေ့စဉ်လှည့်လည် ကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ
Sep 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၆) နာရီခွဲ အချိန်ခန့်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်
Sep 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်သည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်မှစ၍ ပြည်သူ့စာကြည့်တိုက်စာအုပ်စာစောင်ငှားရမ်းခြင်းကို ခေတ္တပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် အုန်းတောတိုက်နယ်တာဝန်ခံမှ မဲဆန္ဒရှင် အမည်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေး နယ်မြေကွင်းဆင်းဆောင်ရွက်
Sep 11,2020
စစ်ကိုင်းမြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် အုန်းတော တိုက်နယ်တာဝန်ခံနှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့်သူများ၏မည်စာရင်းများ ကျန်ရှိမှုမဖြစ် ပေါ်စေရေး အတွက် ယမန်နေ့ နံနက်(၁၀)နာရီက နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်ကို သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာများ ကျေးရွာများသို့ အသိပညာပေးနှိုးဆော်ပေးခြင်း ဆောင်ရွက်
Sep 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဒေသခံပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ပဝကျေးရွာအုပ်စုအတွင်းရှိ ပဝဝါသရွာ၊ ပဝချောင်းထဲရွာ၊ ပဝရွာမနှင့်ပဝကျွန်းရှည်ကျေးရွာတို့သို့ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီ၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေး မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး
Sep 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့် လက်ရှိမြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက ယမန်နေ့က သကျက်ကျေးရွာအုပ်စုနှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်းမှ နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့သည့် ကျေးရွာစာကြည့်တိုက်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး
Sep 11,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနှင့် လမ်း ၈၀ ထောင့် ကျူံးဘေးတွင် ပြည်လုံးချမ်းသာရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ…
Sep 11,2020
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များအား ယမန်နေ့ မွန်းလွဲ(၃)နာရီခန့်က မိုးမိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29475
Page
29476
Page
29477
Page
29478
Current page
29479
Page
29480
Page
29481
Page
29482
Page
29483
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department