Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျီခါးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Mar 10,2020
၂၀၂ဝပြည့်နှစ် ၊ မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်(၉)နာရီက ချင်းပြည်နယ်၊ ကျီခါးမြို့ (အ.ထ.က) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ နွေရာသီအားကစားနည်း(၅)မျိုး သင်တန်းဖွင့်ပွဲ
Mar 09,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်အကောင်အထည်ဖော် ဆောင်ရာတွင် "တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြှင့်မားစေရန်နှင့် အနာဂတ်လူငယ်များ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်များဖြစ်လာစေရန်" ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားနည်း (၅)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ကလောမြို့ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ကလောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
Mar 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီကျော်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းများမီးလောင်မှုဖြစ်ပွားကြောင်း တနိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် သဲကုန်းကျေးရွာတွင် ထင်းမီးဖိုဖြင့် ပုဇွန်အိုးပြုတ်ထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား
Mar 09,2020
မွန်ပြည်နယ် ပေါင်မြို့နယ် သဲကုန်းကျေးရွာ ဘုန်းကြီးလမ်းတွင် ယမန်နေ့ နေ့လယ်ပိုင်း က နေအိမ်မီးဖိုချောင်အတွင်း ပုဇွန်အိုးပြုတ်ထားရာမှ တစ်ဆင့် နေအိမ် ၁၆ လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid -19)အကြောင်းသိကောင်းစရာ ဟောပြောပွဲပြုလုပ်
Mar 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်းပြုလုပ်သော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ(Covid-19) အကြောင်း သိကောင်း စရာ ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိကဝက်အပြင်ဖျားရောဂါ ထိန်းချုပ် ကာကွယ်ရေး နှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များအကြောင်း အသိပညာပေးခြင်းမျ…
Mar 09,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်း ဖျားရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များ အသိပညာ ပေးခြင်းကို ယနေ့နံနက်ပိုင်း ၉နာရီခွဲအချိန်တွင် သီပေါမြို့နယ် ၊ တုံစင်ကျေးရွာအုပ်စု၊ တုံစင့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Mar 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မတ်၈ရက် မွန်းလွဲ၂နာရီက မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော
Mar 09,2020
ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိခြင်းဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသားရေးအသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29678
Page
29679
Page
29680
Page
29681
Current page
29682
Page
29683
Page
29684
Page
29685
Page
29686
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department