အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ ဆုံဆို့နာရောဂါ သံသယလူနာသုံးဦး၏ အာခေါင်တို့ဘက်နမူနားအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သြဂုတ်လ ၂၅ ရက်က ပို့ဆောင်စစ်ဆေးထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံက သိရသည်။
Aug 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ‌ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာပါက မဲဆန္ဒရှင်စာရင်းများပြည်စုံမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဇမိရတနာခန်းမ၌ ကျင်းပသည်။
Aug 26,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Aug 26,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လမ်းမီး တိုင်များမှ လမ်းမီးသီးများအား LED (50 W) လမ်းမီးချောင်းများဖြင့် အစားထိုး လဲလှယ် တပ်ဆင်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26,2020
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် မကူးစက်နိုင် သောရောဂါများ မဖြစ်ပွား စေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉) နာရီက ဆောင်ရွက်ခဲ့သည်။
Aug 26,2020
ကိုဗစ်-၁၉ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိပြည်သူများအား ၎င်းတို့ ကျေးရွာ ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်၍ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်း ဆောင်ရွက် ပြီးစီးသည့် ကျေးရွာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။           
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခွန်ဦးစီးဌာန ရုံးခန်း၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေး ခဲ့သည်။