Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများသွားလာရာတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ…
Aug 26,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင် သာယာဘတ်ဂျက်ဖြင့် အမှတ်(၁၂၄) ရပ်ကွက် ဟံသာဝတီလမ်းမကြီး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 26,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှ လာရောက်သည့် MT CHEMBULK ULSAN သင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦးနှင့် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV-HARVEST SKY ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်းသင်္ဘောသား (၃၈) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့ တွင် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်၌ မဲရုံနေရာထားရှိရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ကြည့်ရှု
Aug 26,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာများ ကွင်းဆင်းကြည့်ရှုခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်အတွင်းရှိ စည်ပင်သာယာရေးဓမ္မာရုံနှင့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေမေသန်း၊ ပညာရေး ဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ခံတို့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက် သီဟ-ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 26,2020
မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား သွားလာရေး ပိုမိုကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်ရှိ သီဟ-ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Aug 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ခရီးသွားပြည်သူများနှင့် အဝေးပြေး ခရီးသည်တင်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်က ဇီးကုန်းမြို့နယ်၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 26,2020
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ဆောင်ရွက်သည့် တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ပညာပေး ဆောင်ရွက်လျက်ရှိရာ အဆိုပါပညာပေး လုပ်ငန်းများကို လူထူထပ်သော မြို့လည် အဝိုင်းတွင် လည်းကောင်း၊ မြို့မဈေးတွင် လည်းကောင်း၊ မိုးဗြဲတွင်လည်းကောင်း အဖွဲ့များခွဲ၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29751
Page
29752
Page
29753
Page
29754
Current page
29755
Page
29756
Page
29757
Page
29758
Page
29759
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department