အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလတွင် စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်က နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
Aug 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့်ဥပဒေ၊ နည်းဥပဒေများအား ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင် (၁၉)အဖွဲ့အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မ ဈေးထိပ်နှင့် မြို့လယ်ဓမ္မာရုံတို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူ များအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့် (Mask) တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် RS & CS မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို မိုင်းလွေကျေးရွာ အုပ်စု လောင်ကျန့်ကျေးရွာ ဆင်းဧကရီ-၃ စံပြစိုက်ကွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ ချောက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ် ဦးစီးမှူးဦးသိန်းဇော်၀င်း၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခန်းများကို ယနေ့နံနက် ၇ နာရီအချိန် က လေ့ကျင့် သင်ကြားခြင်း ဆောင်ရွက်ခဲ့သည်။
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ငါးသယံဇာတ တိုးပွားလာ‌စေရေးနှင့် ဒေသခံတောင်သူများစပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ စပါးခင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ လယ်ဧက (၇၅)ဧက အတွင်း ယမန်နေ့ညနေ ၃ နာရီအချိန်က စိုက်ထည့်‌ပေးခဲ့ကြောင်း သိရသည်။
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး၊ ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး ယာဉ် အန္တရာယ်ကင်းရှင်းရေး အချိန်တိုအတွင်း ယာယီဘေလီတံတား တည်ဆောက်ခြင်းကို ယမန်နေ့ နံနက်အစောပိုင်းက စတင်တည်ဆောက်ကာ တည်ဆောက်မှု ပြီးစီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းသွားလာနေပြီးဖြစ်ကြောင်း သိရသည်။