အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်တောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် စစ်ကိုင်းခရိုင် ၊မြင်းမူ မြို့တွင်တည်ဆောက်လျှက် ရှိသော မြို့နယ်ပညာရေးမှုးရုံးအသစ် တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ (၇၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်းသိရှိရသည်။
Aug 25,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ မြင့်မိုရ်လမ်း ယာယီပျံကျစျေးအတွင်း ကူးစက် မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ပြည်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန် နှာခေါင်းစည်း (mask)များကို အခမဲ့ ဝေငှပေးခဲ့သည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျွဲကျကျေးရွာအုပ်စု ကျွဲကျကျေးရွာ အနီး ကနီ- မင်းကင်း- တောင်တွင်း- ကလေးဝ ကားလမ်းပေါ် ရှိ အရှည်ပေ(၇၀၀)၊ အကျယ် (၂၄)ပေ ပုထိုးလုံး တံတားသည် ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
Aug 25,2020
ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကြို့ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီက ကြို့ကုန်းကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 25,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ၊ မြောက်ထီဗွာကျေးရွာအုပ်စု တကူမို့ကျေးရွာအတွင်း လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 25,2020
မြန်အောင်မြို့နယ် အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချိုချို ဦးဆောင်၍ မြန်အောင်မြို့ နေခြည်ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များနှင့် မြို့ပေါ်ရှိစားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။