အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
ကော့သောင်းမြို့၊ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ အထက(၁)ကျောင်းသားဟောင်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သည့် လက်သန့်ဆေးရည်ထည့် ခြေနင်းလက်ဆေးစင်များနှင့် လက်သန့်ဆေးရည်များအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်း၊ အထက်တန်းကျောင်းခွဲများနှင့် အလယ်တန်းကျောင်းများသို့ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Aug 19,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 19,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများစိစစ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Aug 19,2020
ကချင်ပြည်နယ်အတွင်း သြဂုတ် ၁၅ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းတွင် မြေပြိုမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သောကြောင့် သြဂုတ် ၁၈ ရက်တွင် လမ်းပန်း ဆက်သွယ်ရေး လမ်းကြောင်းများ ယာယီပြတ်တောက်လျက်ရှိနေပြီး ကန်ပိုက်တီ နယ်စပ်မြို့တွင် ဖွင့်လှစ်ထားသော Quarantine အဆောင်များ ပျက်စီးမှုဖြစ် ပွားခဲ့ကြောင်း မြို့အုပ်ချုပ်ရေး မှူးရုံးမှ သိရှိရသည်။
Aug 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသနေပြည်သူများ စာဖတ်သည့်အလေ့အကျင့်ရှိစေရန်၊ အပြန် အလှန်ပါဝင်ဆွေးနွေးတတ်ပြီး တစ်ဦးနှင့်တစ်ဦး အသိပညာချင်းဖလှယ်တတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဒေသခံလူငယ်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
Aug 19,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြိုနယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်စိုက်ခင်း (၅၀) ဧကရှိ တောင်သူ (၂၇) ဦးအတွက် (CERP) ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှ ထောက်ပံ့ငွေများနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော လင်းနို့ဂူမြေသြဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံခန်းမ၌ ပြုလုပ်သည်။
Aug 19,2020
၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူ များနှင့် ထူးချွန်အောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
Aug 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အထက်ရေပူကျေးရွာ၌ ပြုလုပ်ပေးခဲ့သည်။