အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး HPV (Human Papilloma Virus) ထိုးနှံနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
Aug 19,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့သည့် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် Hand Speaker များအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံလွှဲပြောင်းပေးအပ်ပွဲကို၊ ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီက သဘော့ကန် ကျေးလက် ကျန်းမာရေးဌာနအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအတွင်း အိုင်အိုဒင်းဆား သုံးစွဲမှု ရှိ/မရှိ ကို ကျေးရွာအတွင်းရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်‌ဆေး၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် မင်းကုန်းအုပ်စု၊ ယနေ့ နံနက် ၈ နာရီ ၄၀မိနစ်ခန့် လျှပ်စစ်မီးဘုတ်ခုံ အပူလွန်ကဲ့ရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Aug 19,2020
အသစ်ပြဋ္ဌာန်းထားသည့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေပါအကြောင်းအရာများကို အများပြည်သူသိရှိစေရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ လိုက်နာနိုင်ရေးနှင့် ယာဉ်တိုက်မှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုများ လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၂ လမ်းနှင့် ၃၂ လမ်းကြားတွင် ဆောင်ရွက်သည်။
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသောသူများ၊ မဲဆန္ဒရှင် စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာအုပ်စု၌ ယနေ့နံနက် ၉ နာရီအချိန်က ကျုံကဒွန်း ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ကြသည်။