Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အရာတော်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် မဲဆန္ဒရှင် အမည်စာရင်း ဖြည့်စွက်ပြင်ဆင်မှုများ တိုက်ဆိုင်စစ်ဆေး
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှု ရှိရေးနှင့် မဲပေးပိုင်ခွင့် ရှိသူတိုင်း
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား COVID-19 Economic Relief Plan CERP Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန် အတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက ငါးလုပ်ငန်းဦးစီးဌာန ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ အား တတိယအကြိမ်ငွေသားထောက်ပံ့ပေးအပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား တတိယအကြိမ်ထောက်ပံ့သော ငွေကျပ်နှစ်သောင်းတိတိကို ယနေ့ နံနက် ၈ နာရီ အချိန်က ရိုးရာပန်ရှေ့၌ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး ပြည်သူများပူးပေါင်းပါဝင်နိုင်ရေး လှုံဆော်ရေးယာဉ်၊ Hand Speaker တို့ဖြင့်လိုက်လံ ဆော်သြပေးလျက်ရှိ
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားမိဘ ပြည်သူများ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေး ပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပူးပေါင်းပါဝင်ကြရန် သြဂုတ် (၁၆) ရက်နေ့မှစ၍ ညစဉ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လှုံဆော်ရေးယာဉ်၊ Hand speakerတို့ဖြင့် ဆော်သြပေးလျက်ရှိပြီး နံနက်ပိုင်းတွင်အဖွဲ့စုံဖြင့် မဲဆန္ဒရှင်စာရင်းများ လိုက်လံတိုက်ဆိုင် စစ်ဆေးပေးလျက်ရှိ ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၂၅၁၅၇) စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ဩဂုတ်လ ၁၈ ရက် မွန်းလွှဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် အုတ်ရေမြောင်းနှင့် Box Culvert ပြုလုပ်ခြင်း ဆောင်ရွက်
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်း အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်ရည်ရွယ်၍ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် အုတ်ရေမြောင်း နှင့် Box Culvertပြုလုပ်ခြင်းကို (၂/က)ရပ်ကွက်ရှိ ဗိုလ်တိုက်ချွန်းလမ်းထိပ်မှ မြို့ပတ်လမ်း ထိ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်မဲခရိုင်/မြို့နယ်၊ သီပေါ၊ နောင်ချို၊ နမ္မတူမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတ ဦးမိုးလေးဖြတ်တာ ကမ်းပြိုကမ်းစားမှု၊ ဖြတ်တာသစ် တည်ဆောက် ကာကွယ်ထားမှုနှင့် မြန်အောင် တာကမ်း ပြိုမှုတို့ကို ကြည့်ရှုစစ်ဆေး
Aug 18,2020
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုးသည် ဧရာဝတီ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဆွေ၊ လက်ထောက် ညွှန်ကြားရေးမှူး (စက်မှု) ဦးထွန်းရှိန်တို့ နှင့်အတူ ယမန်နေ့က ဟင်္သာတမြို့ ဆည်မြောင်းရုံးရှိ ဆည်မြောင်း ပြတိုက် အတွင်း ခင်းကျင်းပြသ ထားရှိမှုများကို ကြည့်ရှု ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29979
Page
29980
Page
29981
Page
29982
Current page
29983
Page
29984
Page
29985
Page
29986
Page
29987
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department