Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်လည်ဘူးမြို့၌ စာပေချစ်သူ (BOOK CLUB) အသင်း စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူ (BOOK CLUB) အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသ စာပေ ဖတ်ရှု ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော စပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်သွားမည်
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဆန်ဆိုင်း(က) ရပ်ကွက်၊ ပုံလို့လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ (၈၆၈၄) စုအား နိုင်ငံတော်မှ (တတိယအကြိမ်) ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၁ နာရီက တနင်္သာရီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအား၊ နိုင်ငံတော်မှ (တတိယအကြိမ်) အဖြစ် ထပ်မံထောက်ပံ့ပေးအပ်သည့်ငွေ (၂၀၀၀၀) ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၂၆) စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များပြသ
Aug 18,2020
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့၌ ငါးမဖမ်းရကာလအတွင်း ပင်လယ်ပြင်ရေလုပ်သားများ (၂၀၀) ကျော်အား လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း (၄) ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့…
Aug 18,2020
တနင်္သာရီကမ်းရိုးတန်း မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ မြိတ်မြို့တွင် သင်တန်း (၄) ကြိမ်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရေလုပ်သား (၂၀၀) ကျော်အား သင်ခန်းစာများပို့ချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် သီးနှံစိုက်ဧရိယာများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 18,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၉ခုနှစ် ဩဂုတ်လက မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ဧရိယာ (၄၂၅) ဧကအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ထောက…
Aug 18,2020
နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30020
Page
30021
Page
30022
Page
30023
Current page
30024
Page
30025
Page
30026
Page
30027
Page
30028
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department