Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော နောင်ကျောကျေးရွာအုပ်စု၊ တခေါ့ခွန်ကျေးရွာရှိ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်အရည်အသွေးပြည့်မီခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 18,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က ချောင်းဆုံမြို့နယ် တရားရုံး၊ ချောင်းဆုံမြို့မရဲစခန်း နှင့် လူစည်ကားရာ နေရာများတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိသန်းသန်းမွန်နှင့်အဖွဲ့ဝင်များမှ ဥပဒေအထောက်အကူပေးရေးနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၁၂၇)စုအား ဒုတိယအကြိမ် ငွေကျပ်(၁၀၂,၅၄၀,၀၀၀) ထောက်ပံ့ပေးအပ်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား (ဒုတိယအကြိမ်) တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးမည်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် “ငွေဗိုက်” အက်ပလီကေးရှင်းကိုအသုံးပြုပြီး နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း
Aug 18,2020
မြိတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိနိုင်ရန် မဲဆန္ဒရှင်စိစစ်ရေးလုပ်ငန်းကော်မတီကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဥပဒေအထောက်အကူပြုရုံး (ပြည်သူ့ဝန်ဆောင်မှု ရုံးအပေါ်ထပ်)ခန်းမ၌ ဖွဲ့စည်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ…
Aug 17,2020
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30023
Page
30024
Page
30025
Page
30026
Current page
30027
Page
30028
Page
30029
Page
30030
Page
30031
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department