Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရိခေါ်ဒါရ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းအား ၂၈၆၂ ဦးက ကြည့်ရှုပြီးဖြစ်
Aug 15,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၃၀၀ ဦးကျော်ရှိရာ သြဂုတ် ၁၄ ရက်အထိ မဲဆန္ဒရှင်များ မဲစာရင်းလာရောက်ကြည့်ရှုသူပေါင်း ၂၈၆၂ ဦးရှိကြောင်း ရပ်ကွက် (၂)ခု စာရေးများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ (ဒုတိယအကြိမ်) ထောက်ပံ့ငွေပေးအပ်
Aug 15,2020
ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေး အပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့၌ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Aug 15,2020
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ်လုပ်ငန်း စိုက်ပျိုးမှု လက်တွေ့ကွင်းဆင်း ပြသခြင်းများ ဆောင်ရွ…
Aug 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ်လုပ်ငန်းစိုက်ပျိုးမှု လက်တွေ့ကွင်းဆင်း ပြသခြင်း များကို ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ စံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့်စပ်လျဉ်းသည့် အခွန်တိမ်းရှောင်မှုဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ကျင်းပ
Aug 15,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီး ဌာနမှ ဦးဆောင်၍ ငွေကြေးခဝါချမှုနှင့်စပ်လျဉ်းသည့် အခွန်တိန်းရှောင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းဦးဆောင်(Volunteer)အဖွဲ့အား အသိအမှတ်ပြုဂုဏ်ပြုလွှာ ပေးအပ်ချီးမ…
Aug 15,2020
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းဦးဆောင်(Volunteer)အဖွဲ့အား အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သော အသိအမှတ်ပြုဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကမ္မမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့မင်္ဂလာရန်အောင်ကျောင်း Quarantine Center ဝင်ရောက်နေသူအား တစ်ကိုယ်ရည်သုံးပစ္စည်း သွားရောက်ထောက်ပံ့
Aug 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတွင် Quarantine Center ဝင်ရောက်နေသူ (တစ်ဦး)အား နမ့်ခုံးရှမ်းများ ပရဟိတအသင်း(ဗဟို)၊ တောင်ကြီးမြို့၏ ထောက်ပံ့မှုဖြင့် မိုင်းနောင်နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲမှ တစ်ကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်(၉)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီ အချိန်က မိုင်းငေါ့မြို့မန်လုံရပ်ကွက် ဟိုဖိုင်၊ ဆွတ်လွေးကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30078
Page
30079
Page
30080
Page
30081
Current page
30082
Page
30083
Page
30084
Page
30085
Page
30086
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department