Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Aug 15,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့လူမှုရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ ပုံမှန်ဝင်ငွေမရှိသော ခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက တာချီလိတ်မြို့ပတ်လမ်း တိုးချဲ့ ဖောက်လုပ်သွားရန် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Aug 15,2020
တာချီလိတ်မြို့တွင် (၇.၉)ကီလိုမီတာအရှည်ရှိ မြို့ပတ်လမ်း တိုးချဲ့ဖောက်လုပ် သွားရန် လမ်းနယ်နမိတ် သတ်မှတ် နိုင်ရေးအတွက် ဝန်ကြီးနှင့်တောင်သူများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေး
Aug 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၆)လမှ (၅)နှစ်ထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများ ကောင်းမွန်စေရန် ရည်ရွယ်ပြီး ဗီတာမင်အေ ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်တွင် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Aug 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်း ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကြီးကြပ်၍ မြို့ပေါ်ရှိ ရပ်ကွက် ၃ ရပ်ကွက်ရှိ အိမ်ထောင်စု (၅၇၅)စု၏ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ဒုတိယအကြိမ် ကြယ်လိပ်ရင်ချင်းဆက် အမွှာပေါက်ဖွား
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ၂၀၂၀ပြည့်နှစ်၊ ကြယ်လိပ် သားပေါက်ရာသီ၌ ကြယ်လိပ်မ (၁၃၇)ကောင်က မြေကြီးတွင် ကျင်းတူးပြီး ဥထားသောဥကျင်း (၄၁၄)ကျင်းထဲရှိ ဥ(၃၂၀၅)လုံးအနက်မှ အချိန်ကျရောက်သော်လည်း လိပ်ငယ်များ သဘာဝအတိုင်း ထွက်လာခြင်းမရှိသော ဥကျင်းများကို တူးဖော်၍ ရရှိသော ဥကောင်းဥသန့်များကို မြေကြီးထည့်ထားသည့် သေတ္တာအတွင်း ပြန်မြှပ်၍ထားခဲ့ပြီး ယင်း မြှပ်ထားသော ဥများကိုနေ့စဉ်ပုံမှန် စစ်ဆေးခဲ့ရာ ၃၀.၇.၂၀၂၀ရက်နေ့ ၄င်းတို့ထဲမှဥတစ်လုံးတွင် သန္ဓေသားအောင်ပြီး ဥခွံကိုခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ် အမွှာပူးလေးဖြစ်နေသည်ကို တွေ့ရှိရကြောင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ကပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သမဝါယမအသင်းများ ချိတ်ဆက်၍ အာလူးသီးများ ရောင်းချ ပေးလျက်ရှိ
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သီးနှံစိုက်ပျိုးသော အသင်းသား တောင်သူများ၊ ဝင်ငွေရရှိရေးနှင့် အသင်းဝင်များ သက်သာချောင်ချိရေးကို ရည်ရွယ်၍ ယမန်နေ့ နံနက် ၆ နာရီခွဲကစ၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန်းဖြူး ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30081
Page
30082
Page
30083
Page
30084
Current page
30085
Page
30086
Page
30087
Page
30088
Page
30089
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department