Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ထောက…
Aug 18,2020
နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းအသိပေးနှိုးဆော်
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများ(သို့) ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူမိန်းကလေးများကို မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာနမှ သားအိမ်ခေါင်း ဆေး ထိုးနှံပေးခြင်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့
Aug 18,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့်ကျေးရွာတာဝန်ရှိသူများသည် ယမန်နေ့က ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်း ကျေးရွာတွင် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂ဝဝဝဝိ/နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများ အိမ်ထောင်စု လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Aug 18,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေးကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်ကျား(၅၁)ဦးနှင့်မ(၃၈)ဦး စုစုပေါင်း (၈၉)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲ ဖလမ်း၌ ပြုလုပ်
Aug 18,2020
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်တွင်းရှိ ဒေသခံပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်ရှိ Young Community Centre ခန်းမ၌ ကျင်းပပြလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 18,2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြန်မာနိုင်ငံ ကျန်းမာရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်း တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းရည်မြင့်မားလာစေရန် ရှာဖွေ ကယ်ဆယ်ရေး ဆင့်ပွား သင်တန်း ဖွင့်လှစ်
Aug 18,2020
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းရည်မြင့်မားလာစေရန် ရှာဖွေကယ်ဆယ်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၇) နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး စည်းဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့် အိမ်ထောင်စုများအတွက် ကူညီထောက်ပံ့ပေး
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စု(၁)စုကို ယမန်နေ့နံနက် ၁၁ နာရီက ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကူညီထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30117
Page
30118
Page
30119
Page
30120
Current page
30121
Page
30122
Page
30123
Page
30124
Page
30125
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department