အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများသို့ ထောက်ပံ့ ငွေ များ ပေးအပ်ထောက်ပံ့ခြင်းကို ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိ သူများက အိမ်တိုင်ရာရောက်ပေးအပ်ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။
Aug 17,2020
ချမ်းအေးသာစံမြို့နယ်၊ ချမ်းသာရဘုရားအနီးရှိ သင်္ဂဇာချောင်းအတွင်းရှိ သဘာဝအလျောက်ပေါက်နေသော ဗေဒါဒိုက်များ ဆယ်ယူခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ် သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု ရရှိစေရန် ရည်ရွယ်၍ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံလူ တန်းစား များအား နိုင်ငံတော်မှဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၇ရက်၊ နံနက် (၁၀)နာရီက ရွာငံမြို့ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။