အမြို့မြို့အနယ်နယ်သတင်းများ

Aug 15,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုများ မရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓနဲရိကျေးရွာအုပ်စု၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာအုပ်စုတို့ကို မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Aug 15,2020
ဧရာဝတီတိုင်း‌​ဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လုထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယ​မန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် Onlineမှတစ်ဆင့် အသိပညာပေး‌​ဆွေး‌​နွေးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 15,2020
ကရင်ပြည်နယ်တွင် ဘရက်မြန်မာ(BRAC Myanmar)မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ၊ နေရပ် ရွေ့ပြောင်းရသူများနှင့် ထိခိုက်လွယ်အမျိုးသမီးများအတွက် ငွေရေးကြေးရေးဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှု အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇွဲကပင်သဘာဝ ဟိုတယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဉက္ကဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ (Facility Quarantine Centre)၌ ပြည်ပပြန်များ၏ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန် အတွက်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၆)ဦး နှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၂၀)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၆)ဦးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံတော် အစိုးရမှ Covid-19 ကာလအတွင်းဝင်ငွေနည်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၄၅၃၇)စု အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ စတုတ္ထ အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။