Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းနောင်မြို့မင်္ဂလာရန်အောင်ကျောင်း Quarantine Center ဝင်ရောက်နေသူအား တစ်ကိုယ်ရည်သုံးပစ္စည်း သွားရောက်ထောက်ပံ့
Aug 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတွင် Quarantine Center ဝင်ရောက်နေသူ (တစ်ဦး)အား နမ့်ခုံးရှမ်းများ ပရဟိတအသင်း(ဗဟို)၊ တောင်ကြီးမြို့၏ ထောက်ပံ့မှုဖြင့် မိုင်းနောင်နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲမှ တစ်ကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်(၉)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီ အချိန်က မိုင်းငေါ့မြို့မန်လုံရပ်ကွက် ဟိုဖိုင်၊ ဆွတ်လွေးကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့၌ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ အား သြဂုတ် ၂၁ ရက်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်
Aug 15,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်လုပ်ငန်း လေးမျိုးအား သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည် ဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
စင်္ကာပူသို့ မြန်မာ့သရက်သီးတန်ချိန် ၁၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး လာမည့် သရက်ရာသီတွင် နိုင်ငံတကာသို့ တင်ပို့မှု အလားအလာကောင်းမည်
Aug 15,2020
မြန်မာ့သရက်သီးကို နိုင်ငံတကာဈေးကွက်ရှာတင်ပို့လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်မှ ဇူလိုင်လ အတွင်း စင်္ကာပူနိုင်ငံသို့ သရက်သီးတန်ချိန် ၁၀ဝနီးပါးတင်ပို့နိုင်ခဲ့ပြီး အလားအလာကောင်းများရှိလာသဖြင့် လာမည့်နစ် တွင် အခြားနိုင်ငံများသို့ ဈေးကွက်တိုးချဲ့ရန် စီစဉ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံသရက်အသင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ(သဇင်နွယ်)မှ ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြှင့်စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်
Aug 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဖားဆောင်းမြို့နယ်ရုံးမှ ကျေးလက်နေပြည်သူများလူမှုဘဝမြှင့်မားရေး၊ အလုပ်အကိုင် အခွင့်အလှမ်းကောင်းများရရှိရေး၊ ဝင်ငွေတိုးပွားစေရေးကိုရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ဖားဆောင်းမြို့ စုစည်းကျေးရွာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်
Aug 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာ စခန်း ပန်းတနော်မြို့၌ ယနေ့ နံနက် ၁၀ နာရီက လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျုံတိုင်းကလေးကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊သွန်၊ လဲ၊စစ်ပြုလုပ်ခြင်းနှင့်ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် ပူးပေါင်းပြီး အဘိတ်ဆေးခတ်ခြင်းဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက လေးဆယ်ကုန်းရွာတွင် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသခံနှင့် ခရီးသွား ပြည်သူများ ဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဝါးခယ်မတံတားပေါ်မှ စတင်ဖြတ်သန်းခွင့်ပြု
Aug 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ဝါးခယ်မတံတားကို (၂၀၁၈) ခုနှစ် နိုဝင်ဘာလက အဆင့်မြှင့်တင်တည်ဆောက်ခဲ့ရာ အများပြည်သူသွားလာရ အဆင်ပြေလွယ်ကူစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ လမ်းညွှန်ချက်နှင့်အညီ ယနေ့ နံနက် ၆ နာရီကစတင်ကာ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30147
Page
30148
Page
30149
Page
30150
Current page
30151
Page
30152
Page
30153
Page
30154
Page
30155
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department